International News

ထိုင်းနိုင်ငံ Kasikornbank (Kbank) အနေဖြင့် မြန်မာဘဏ်ထဲတွင် ကြီးမားသော ရှယ်ယာများထည့်ဝင်ရေးစဉ်းစားနေ

Last Updated:

        ကာစီကုန်းဘဏ် Kasikornbank (Kbank) အနေဖြင့် မြန်မာနိုင်ငံဘဏ်ထဲတွင် ကြီးမားသော အစုရှယ်ယာဝယ်ယူထည့်ဝင်ခြင်းဖြင့် ၎င်း၏ရင်းနှီးမြှပ်နှံမှုကို ချဲ့ထွင်လိုနေပါသည်။  အကယ်၍ ဝယ်ယူမှု အဆင်ပြေခဲ့ပါက ဗန်ကောက်ဘဏ်မှ အင်ဒိုးနီးရှား၏ PT Bank Permata ကို အမေရိကန်ဒေါ်လာ (၂.၇)ဘီလီယံ (ထိုင်းဘတ်ငွေ ၈၁.၃ ဘီလီယံ)ဖြင့် ဝယ်ယူမှုအပြီး ထိုင်းဘဏ်မှ (၂) လအတွင်း ပြည်ပငွေကြေးအဖွဲ့အစည်းတွင် ရှယ်ယာများကို ဒုတိယအကြိမ် ဝယ်ယူမှုဖြစ်လာ တော့မည်ဖြစ်ပါသည်။

         နိုင်ငံခြားဘဏ်များအတွက် စီးပွားရေးအခွင့်အလမ်းများအား မြန်မာနိုင်ငံ ဗဟိုဘဏ်က ဖွင့်လှစ်ပေးပြီနောက် KBank အနေဖြင့် မြန်မာနိုင်ငံတွင် သင့်တော်သော စီးပွားရေးပုံစံတစ်ခု ကိုလေ့လာနေကြောင်း တွဲဘက်ဥက္ကဋ္ဌ Kattiya Indraravijaya ကပြောကြားခဲ့ပါသည်။ နိုင်ငံခြားဘဏ်များအား မြန်မာနိုင်ငံတွင် လိုင်စင်အမျိုးအစား (၃) မျိုး ခွင့်ပြုပေးထာပါသည်။ ၎င်းတို့ မှာ လက်အောက်ခံ (Subsidiary)၊ နိုင်ငံခြားဘဏ်ခွဲ(Foreign Branch) နှင့် ပြည်တွင်း ဘဏ်တွင် ရှယ်ယာပိုင်ဆိုင်မှု(Equity holding in a local Bank) တို့ဖြစ်ပါသည်။

       Ms. Kattiya Indraravijaya က မိမိတို့အနေဖြင့် စိတ်ဝင်စားလျှက်ရှိကြောင်း သတင်းများ ရရှိပြီးနောက် မြန်မာနိုင်ငံ တော်ဗဟိုဘဏ် (CBM) အနေဖြင့် အစုရှယ်ယာရောင်းဝယ်ရေးကိုစဉ်းစား နေကြောင်းပြောကြားခဲ့ပါသည်။ KBank အနေဖြင့် သင့်တော်သော အဖွဲ့စည်းပုံအား အပြီသတ်နိုင်ရန် ရင်းနှီးမြှပ်နှံမှုပုံစံများကို ညှိနှိုင်းရန် စဉ်းစားနေ ကြောင်း၊ ၎င်းမှာ မြန်မာနိုင်ငံဗဟိုဘဏ်၏  အတည်ပြုချက်အပေါ်မူတည်နေကြောင်းနှင့် ထိုင်းဘဏ်၏ စိတ်ဝင်စား သော စီးပွားရေးလိုင်စင်ပုံစံအပေါ်မူတည်နေပါသည်။

       မြန်မာတိုင်း သတင်းစာ၏ အဆိုအရ KBank အနေဖြင့် ဧရာဝတီ လယ်သမားများ ဖွံ့ဖြိုးတိုး တက်မှုဘဏ် အစုရှယ်ယာ(၃၅%) ကို ဝယ်ယူရန် မျှော်လင့်ကြောင်း၊ CBM အနေဖြင့် နိုင်ငံခြား ဘဏ်များအား ၂၀၁၉ ခုနှစ်တည်းက စ၍ ပြည်တွင်းဘဏ်များ၌  အစုရှယ်ယာများကို ဝယ်ယူခွင့် ပြုထားခဲ့ပါသည်။

      ၂၀၁၄ ခုနှစ်တည်းက မှတ်ပုံတင်ထားသော ABank အနေဖြင့် ပိုင်ဆိုင်မှုများမှာ ကျပ်ငွေ (၃၁၄) ဘီလီယံ (ဘတ်ငွေအားဖြင့် ၆.၄ ဘီလီယံ) ရှိပြီးမှတ်ပုံတင်ထားသော အရင်းအနှီးမှာ ကျပ်ငွေ(၄၀) ဘီလီယံ ဖြစ်ပါသည်။ Ms. Kattiya Indraravijaya က ABank အနေဖြင့် စီးပွားရေးဖွံဖြိုးမှု အလားအလာကောင်းများရှိနေပြီး မြန်မာနိုင်ငံ၏ စီးပွားရေးအညီ အပြုသဘောဆောင် သော အလားအလာများရှိနေကြောင်း၊ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ၊ လက်လီနှင့်အာမခံလုပ်ငန်းများ အပါအဝင် စီးပွားရေးလုပ်ငန်းအစုစုတို့အပါအဝင် ကျယ်ကျယ်ပြန့်ပြန့် ဖြင့် Kbank ၏ စီးပွားရေးဈေးကွက်ကို ချဲ့ထွင်နိုင်ရန် အထောက်အကူဖြစစေမှာ ဖြစ်ကြောင်း ပြောကြားခဲ့ ပါသည်။

       KBank အနေဖြင့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှား၊ တရုတ်၊ ဂျပန်၊ အမေရိကန်၊  ကေမန်ကျွန်းစုစသည့် နိုင်ငံ(၉)နိုင်ငံနှင့် ပြည်ပ Network ချိတ်ဆက်မူများရှိသည်။ Finansia Syrus Securities မှ လေ့လာသူ  Sunanta Vasapinyokul က KBank ၏ ABank ရှယ်ယာများဝယ်ယူမှုက အစပိုင်းတွင် KBank ၏ ဘဏ္ဍာရေးဖွဲ့စည်းမှုအပေါ် သက်ရောက်မှု ရှိစေမှာမဟုတ်ကြောင်း၊ ဗန်ကောက်ဘဏ်၏ အင်ဒိုနီးရှား PT Bank Permata ၏ ဝယ်ယူမှုနှင့် လည်းမတူညီကြောင်းကို ပြောကြားခဲ့ပါသည်။

       ကျပ်ငွေ (၃၁၄) ဘီလီယံတန်ဖိုးရှိ ABank  ၏ ပိုင်ဆိုင်မှုသည် ဘတ်ငွေ (၃.၂) ထရီလီယံ တန်ဖိုးရှိ KBank ၏ ပိုင်ဆိုင်မှု၏ (၀.၁၂%) ဖြစ်လိမ့်မည်ဖြစ်ကြောင်း Ms.Sunanta ကပြောကြားခဲ့ပါသည်။  ယခုကိစ္စမှာ KBank ၏ CLMV နိုင်ငံများထဲမှ တစ်ခု၏ ဘဏ်လုပ်ငန်း နယ်ပယ်သို့ KBank ၏ ပထမဆုံးဝင်ရောက်မှုခြေလှမ်းအဖြစ် သတ်မှတ် နိုင်ပါသည်။ KBank ၏ အစုရှယ်ယာသည် ယမန်နေ့က ထိုင်းစကောအိတ်ချိန်းတွင် ဘတ် (၁၃၃) ဖြင့် ဈေးပိတ်ခဲ့ပြီး (၃) ဘတ် ကျဆင်းခဲ့ကာ အရောင်းအဝယ်တန်ဖိုးမှာ ဘတ်ငွေ (၂.၃၉) ဘီလီယံရှိခဲ့ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ)

 

 

 

Category: International News